Saturday, February 25, 2012

နှစ်ထောင့်ဆယ့်နှစ်

ရောင်စုံကမ္ဘာထဲမှာ
မဟူရာ ရက်စွဲရိုင်းများက
အချိန်ကာလကို ပျက်ရယ်ပြုနေကြ
စပါးကြီးမြွေ အစာမျိုသလို
နုပျိုခြင်းနဲ့ အိပ်မက်များ
အကျဉ်းထောင်က ၀ါးမျိုသွားခဲ့...
အမှန်တရားအတွက်
လူသားတွေကို အကျိုးပြုခဲ့သူ
ရွေးချယ်မှုအတွက် ဒဏ်ခတ်ခံရဲသူ
ပရိုမီသရပ် ရဲ့ စိတ်ဓာတ်
မြင့်မြတ်မှုကို အတုယူကြမယ်...
ကတိစကားတွေဟာ
ရေလိုအငွေ့ပျံတက်မှာလား
နိုးတစ်ဝက်အိပ်မက်လို မှိတ်တုပ် မှိတ်တုပ်
ရထားကတော့ ခုတ်မောင်းအရှိန်ပြင်းဆဲ
စိန်ခေါ်မှုခရီးကြမ်းထဲက
အခွင့်အလမ်းတွေကိုရှာကြမယ်....
နယ်နိမိတ်မဲ့ ပုံရိပ်တွေက
မွတ်သိပ်မှုရဲ့ ပဟေဠိလေ
လွတ်လပ်ခြင်းနဲ့ ငြိမ်ချမ်းခြင်းသက္ကရာဇ်
နှစ်ထောင့်ဆယ့်နှစ်
အချစ်နဲ့သီချင်းတို့ မွေးဖွားနိုင်စေသော်ဝ်...
မုံရွာအောင်ရှင် 

အတွဲ (၁)အမှတ် (၆) ဒီလှိုင်းစာစောင်မှကူးယူဖေါ်ပြသည်။

. Type the rest of your post here.

No comments:

Post a Comment