ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို.နယ်အတွင်းမှာ အသက်၁၀ နှစ်အရွယ်သာရှိသေးတဲ. ကလေးငယ်ကို အာဏပိုင် အဖွဲ.အစည်းက သူခိုးလို. စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက်မှုတစ်ခု ဖြစ်ပွားခဲ.ပါတယ်။ ဒေါ်ညိုမာသက် က သတင်းပေးပို.ထားပါတယ်။ DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ..
HOMALINKHANMAHA
Monday, August 20, 2012
အသက်၁၀ နှစ်သား ကလေးငယ်ကို အာဏပိုင် အဖွဲ.အစည်းက သူခိုးလို. စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက် (ရုပ်/သံ)
ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို.နယ်အတွင်းမှာ အသက်၁၀ နှစ်အရွယ်သာရှိသေးတဲ. ကလေးငယ်ကို အာဏပိုင် အဖွဲ.အစည်းက သူခိုးလို. စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက်မှုတစ်ခု ဖြစ်ပွားခဲ.ပါတယ်။ ဒေါ်ညိုမာသက် က သတင်းပေးပို.ထားပါတယ်။ DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ..
ဆရာမနှစ်ဦး ကျောင်းပြောင်းရွှေ့မှု ရန်ကုန် TTC ကျောင်းသားများ ဆန္ဒပြ
Monday, April 2, 2012
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာအုပ်စု ပါမလုံကျေးရွာတွင် ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှကြီးမှူးကျင်းပသော ရှမ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာအုပ်စု ပါမလုံကျေးရွာတွင်
ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှကြီးမှူးကျင်းပသော ရှမ်းစာပေသင်တန်း
ဆင်းပွဲကို ပါမလုံရွာတွင် (1-4-2012) နေ့ နံက် (၁၁) နာရီအချိန်တွင် စတင်ကျင်းပရာ မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အကျိုး တော်ဆောင်လူကြီးမင်းများ ရှမ်းစာပေကိုသင်ကြားပေးသော (မောဆွမ် ) ဆရာ/ဆရာမများ ၊အနီးအနားမှ ရှမ်းစာပေနှင့်အမျိုးသားရေးကိုစိတ်ပါဝင်စားကြသူ စုစုပေါင်း အင်အား(၃၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှအဖွင့်အမှာစကားပြောကြားပြီး ရှမ်းစာ
ယဉ်အတွင်းရေးမှူးမှ ယဉ်ကျေးမှု့အဖွဲ့နှင့်ပတ်သက်သောကိစ္စရပ်များဆက်သွယ်လုပ်ဆောင်ကြရန် ဆွေးနွေးတင်ပြပြီး၊ ၄င်းနောက်တွင် ရှမ်းစာပေအတိုင်ပင်ခံမှ စာပေရေးရာကိစ္စနှင့်ရှမ်းသမိုင်း
အကြောင်း တင်ပြကာ၊ပထမ/ဒုတိယ/တတိယ ကျောင်းသားကျောင်းသူများကိုဆုများပေး
အပ်ကာနေ့လည် (၁း၀၀)နာရီအချိန်တွင်အခမ်းအနားကိုအောင်မြင်စွာပြီးဆုံးကြောင်းသိရသည်။
Type your summary here.Type the rest of your post here.
Wednesday, March 21, 2012
မူးယစ်ဆေးဝါးပပျောက်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ခပ်ဝင့်ဝင့်ရှင်သန်နေတဲ့ ဘိန်းခင်းတစိတ်တဒေသပါ

မြန်မာပြည်တွင်းကဘိန်းခင်းဆိုရင် လူတိုင်းရဲ့မျက်လုံးထဲမှာ ရှမ်းပြည်နယ်ကိုမြင်ပြီးသား
၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(အထူးဒေသ- (၆) )အပါအ၀င် ရှမ်းပြည်တစ်ခွင်လုံးမှာ ဘိန်းကင်းစင်ပပျောက်ရေးဆိုပြီး လုပ်နေကြတာကြာခဲ့ပါပြီ၊ဒါပေမယ့် ယနေ့အချိန်ထိ ဘိန်းခင်းတွေကမကွယ်ပျောက်နိုင်သေးပါဘူး၊ရောင်စုံပန်းဥယျာဉ်ကြီးပမာနှစ်စဉ် နှစ်တိုင်းရှင်သန်နေဆဲပါ၊
ဘာကြောင့် မှုယစ်ဆေးဝါးပပျောက်ရေးခေါင်းစဉ်အောက်မှာ ဒီဘိန်းခင်းတွေရှင်သန်နေရတာလဲ
စဉ်းစားစရာပါ၊အစိုးရကလဲမှုးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်း တွေချ၊တော်လှန်ရေးအဖွဲ့အစည်းတွေကလဲ
မှုးယစ်ဆေးဝါပပျောက်ရေးဆိုပြီးကြွေးကျော်နေကြတဲ့ကြားမှာ ဘိန်းခင်းတွေက ရှင်သန်နေကြလေရဲ့၊
ဘိန်းစိုက်တောင်သူတွေကိုဘဲအပြစ်တင်ရမလား? အာဏာပိုင်ဆိုတဲ့အုပ်ချုပ်သူလူတန်းစားတွေကိုဘဲ
အပြစ်တင်ရမလား? ဘိန်းတောင်သူတွေဟာ အခမဲ့ လွတ်လွတ်လပ်လပ်စိုက်ကြရတာတော့မဟုတ်ပါဘူး၊
သက်ဆိုင်ရာစစ်တပ်တွေ ရဲစခန်းတွေ အုပ်ချုပ်ရေးပိုင်းကလူတွေကို ငွေပေးပြီးမှ စိုက်ကြရတာပါ၊
အစိုးရစာစောင်တွေမှတရာမ၀င်ဘိန်းခင်းတွေကိုဖျက်ဆီးတာမြင်ဘူးဖတ်ဖူးပါတယ်၊အခုဘိန်းခင်းတွေက
ငွေပေးပြီးမှ လုပ်တယ်၊ဖျက်ဆီးတာလဲမရှိဘူးဆိုတော့တရားဝင်ဘိန်းခင်းတွေများဖြစ်နေမလား
လို့လဲတွေးစရာပါ၊ရောင်စုံပန်းခင်းကြီးလိုလှချင်တိုင်းလှနေတဲ့ဘိန်းပန်းဥယျာဉ်ကြီးရဲ့နောက်ကွယ်မှာ
လူသားမျိုးနွယ် တစ်ခုလုံးလူညွှန့်တုံးမယ့်အဖြစ်ဆိုးမျိုးရှိနေတာ အသိဥာဏ်အဆင့်အတန်းရှိသူတိုင်း
လက်ခံပြီးသားပါ၊ဒါဆိုလက်တစ်ဖက်က မှုးယစ်ဆေးဝါးပပျောက်ရေးဆိုင်းဘုတ်ကိုကိုင်၊လက်တစ်ဖက်က
ဘိန်းစိုက်တောင်သူတွေဆီကနေ ငွေတောင်းပြီး စိုက်ခွင့်ပြုနေတဲ့ဂုဏ်သရေရှိလူကြီးမင်းများအမည်ခံ
ပုဂ္ဂိုလ်တွေရဲ့အသိဥာဏ်အဆင့် အတန်းဘယ်လောက်ရှိလဲအတွေးအခေါ်အတိမ်အနက်ဘယ်လောက်ရှိ
လဲမေးခွန်းထုတ်စရာပါ၊ ဒီနေရာမှာ ဘိန်းခင်းတောင်သူတွေကိုအပြစ်မတင်ဘူးလားလိုမေးစရာရှိပါတယ်၊
ဘိန်းတောင်သူ ၉၅% ဟာစာမတတ်ကြပါဘူး၊အသိအမြင်ဗဟုသုတလည်းနည်းပါတယ်၊ဆိုင်ရာကထိ
ထိရောက် ရောက်တားဆီးအရေးယူမယ်ဆိုရင် ဒီလူတွေဘိန်းမစိုက်ရဲပါဘူး၊ငွေပေးပြီးလုပ်တာတောင်မှ
စစ်တပ်တို့ ရဲတို့ကိုမြင်ရင် ဒူးတုန်အောင်ကြောက်နေကြသူတွေပါ၊တကယ်တန်းတားဆီးရင်ဘယ်လုပ်ရဲကြပါ့
မလဲ၊မလုပ်ရဲရင် ဒီဘိန်းပန်းဥယျာဉ်ကြီးလည်း ဘယ်လိုဖြစ်ထွန်းလာအုံးမှာလဲ၊ဘိန်းဥယျာဉ်ကြီးတွေဖြစ်
ထွန်းနေတာဘယ်သူ့မှာတာဝန်အရှိဆုံးလဲဆိုတာရှင်းနေတာပါပဲ၊ရှည်ရှည်ဝေးဝေးစဉ်းစားစရာမလိုပါဘူး။
Saturday, March 17, 2012
ရွှေလုပ်ကွက်ကြောင့် လယ်ယာမြေ ပျက်စီးသဖြင့် လယ်သမားများ တရားစွဲမည်
ရန်ကုန်၊ မတ် ၁၆
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်း မြို့နယ်၊ နောင်တော ကျေးရွာ ဝေဖလာ ဒေသရှိ ဧက ၃၀၀ ကျော် ရှိသော ဟွေလုံ စပါးစိုက်ခင်း အနီးတွင် ရွှေလုပ်ကွက်များ လာရောက် လုပ်ကိုင်သဖြင့် ယင်းရွှေလုပ်ကွက်မှ စွန့်ပစ်သော နွံရေများ၊ မျှောမီး သဲစာကျောက်များကြောင့် နွေစပါး စိုက်ပျိုးထားသော လယ်ယာမြေများ ပျက်စီးသွား၍ တောင်သူ လယ်သမားများက တရားစွဲဆိုမည် ဖြစ်ကြောင်း လယ်ပိုင်ရှင် တစ်ဦးဖြစ်သူဒေါ်နန်းခိုင်က ပြောကြားသည်။
ယင်း ရွှေလုပ်ကွက်များကို ကုမ္ပဏီပေါင်း ၂၀ ကျော်က လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး ယင်းရွှေလုပ်ကွက် များကြောင့် လယ်ယာမြေများကို ထိခိုက်သဖြင့် လုပ်ငန်း ရပ်နားရန် ဟုမ္မလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တရားဝင် စာထုတ်ပြန် ခဲ့သော်လည်း မရပ်နားဘဲ ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လယ်သမား ၃၀ ကျော် လုပ်ကိုင်နေသော ယင်းလယ်ယာမြေများတွင် ရွှေလုပ်ကွက်ဖော်ကာ တရားဥပဒေ ဘောင်ကျော် လုပ်ဆောင်နေခြင်းကြောင့် လယ်သမားများ နစ်နာသဖြင့် လယ်သမားများကို ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လယ်သမားများ အရေးကို ဆောင်ရွက်သူ ဒေါ်စန်းစန်းဝင်းက ပြောကြားသည်။
အဆိုပါ ရွှေလုပ်ကွက်များကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် နိုင်ငံတော် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းတို့က ဆိုသည်။

Tuesday, March 6, 2012
စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့၊NLDရုံးဖွင့်ပွဲ

မတ်လ ၅ ရက်နေ့  ၂၀၁၂ မှာ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့ နယ် အမျိုးသားဒီမိုကရေးစီအဖွဲ့ ချုပ်ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို နံက် ၉း၄၅ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။
ဟုမ္မလင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးကိုကိုလေး အိမ်မှာ ရုံးဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူများ တစ်ထောင်ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Subscribe to:
Posts (Atom)