Monday, April 2, 2012

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာအုပ်စု ပါမလုံကျေးရွာတွင် ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှကြီးမှူးကျင်းပသော ရှမ










စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာအုပ်စု ပါမလုံကျေးရွာတွင်
ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှကြီးမှူးကျင်းပသော ရှမ်းစာပေသင်တန်း
ဆင်းပွဲကို ပါမလုံရွာတွင် (1-4-2012) နေ့ နံက် (၁၁) နာရီအချိန်တွင် စတင်ကျင်းပရာ မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အကျိုး တော်ဆောင်လူကြီးမင်းများ ရှမ်းစာပေကိုသင်ကြားပေးသော (မောဆွမ် ) ဆရာ/ဆရာမများ ၊အနီးအနားမှ ရှမ်းစာပေနှင့်အမျိုးသားရေးကိုစိတ်ပါဝင်စားကြသူ စုစုပေါင်း အင်အား(၃၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှအဖွင့်အမှာစကားပြောကြားပြီး ရှမ်းစာ
ယဉ်အတွင်းရေးမှူးမှ ယဉ်ကျေးမှု့အဖွဲ့နှင့်ပတ်သက်သောကိစ္စရပ်များဆက်သွယ်လုပ်ဆောင်ကြရန် ဆွေးနွေးတင်ပြပြီး၊ ၄င်းနောက်တွင် ရှမ်းစာပေအတိုင်ပင်ခံမှ စာပေရေးရာကိစ္စနှင့်ရှမ်းသမိုင်း
အကြောင်း တင်ပြကာ၊ပထမ/ဒုတိယ/တတိယ ကျောင်းသားကျောင်းသူများကိုဆုများပေး
အပ်ကာနေ့လည် (၁း၀၀)နာရီအချိန်တွင်အခမ်းအနားကိုအောင်မြင်စွာပြီးဆုံးကြောင်းသိရသည်။
Type your summary here.Type the rest of your post here.

No comments:

Post a Comment