ပျားနှင့်ယင်အားပမာထား
ပျားတို့မည်သည်...
ခိုမှီစရာ အုံဖွဲ့ကာဖြင့်
ပျံရာနားရာ
စုစည်းကာလျှင်
ရနံ့ဖြာထုံသင်း
ပန်းရုံကွင်းတွင်
စုပ်ယင်းဝတ်မှုံ
ပျော်ကြ၏။
ယင်တို့သည်ကား...
ခိုမှီစရာ မရှိပါဘဲ
ခွဲကာသွားလာ ပရမ်းပတာဖြင့်
ရွံစရာညံ့ဖျင်း မစင်တွင်းမှာ
ပျော်ရင်း ပါးရင်း နေကြ၏။
ပျားရည်ဆိုလျှင် ဆေးဖက်ဝင်၍
ခုံမင်နှစ်သက် စွဲမက်စရာ
ရတနာတည့်။
ယင်နားအစာ စားမိပါက
ရောဂါထူပြော ရှိသောရတနာ
ဆုံးရှုံးပါ၏။
ပျားနှင့်ယင်အား ပမာထား၍
ပိုင်းခြားသုံးသပ် ဆုံးဖြတ်မှန်စေ
ပျားရည် ဆေးဖြစ် ယင်နေ ဘေးဖြစ်
ကြောင်းဇစ်မြစ်ကို မလစ်သတိ
မြင်အောင်ကြည်၍ ကျိုးရှိကိုဆောင်
ကျိုးမဲ့ရှောင်ကာ လူ့ဘောင်လောက
နေသမျှဝယ် အလှဂုဏ်တင့်
အနေမြင့်အောင် ပွားကျင့်မြှင့်တင်
ပျားအသွင်သို့ ပြုပြင်နေထိုင်ကြပါစို့။
စိုင်းချစ်ဆွေ (ခမ်းမဟာ)
.
Type the rest of your post here.
No comments:
Post a Comment