Tuesday, February 28, 2012

ကြိုးစားစို့



ဥရုချင်းတွင်း၊အူတုံဆင်းများ
ယိုင်းပင်းဖက်နော်၊ရှမ်းမျိုးဖေါ်တို့
ပွဲတော်နှစ်ကူး၊ပြုံးပျော်မြူးလျှက်
ကြည်နူးနှစ်သိမ့်၊မနေနှင့်။
ရိုးရာဝတ်စား၊ဘာသာစကားကို
ဝင့်ကြွားမနှော၊ဆင်မြန်းပြောရင်း
သွေးကြောအသက်၊စာပေလက်အောင်
မပျက်ဆက်ပွား၊သယ်ဆောင်သွားမှ
မြှင့်မားမျိုးဆက်၊ဂုဏ်တက်မည်။
ဒါကြောင့်မျိုးဆွေ၊ရိုးရာမွေကို
ဒို့တွေအားလုံး၊ညီညာရုန်းပြီး
ပခုံးပေါ်ထက်၊စဉ်ထမ်းရွက်လျှက်
ရှေ့ဆက်မျိုးသစ်၊ထွန်းတောက်ရစ်အောင်
မဖြစ်မနေ၊ကြိုးစားစို့ ။
ရွှေမောင်းသီဟ
. Type the rest of your post here.

No comments:

Post a Comment