Thursday, February 23, 2012


Type your summary here.Type the rest of your post here.

KIO/KIA အဖွဲ့၏ဖြတ်သန်းမှုသမိုင်းအကျဉ်း
========================

- ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့။

- ဒူဝါဇော်ဆိုင်းက ဦးဆောင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး ဒူဝါဇော်တူးက ဒုတိယဥက္ကဋ္ဌ၊ ဦးလမာလရိမ်က အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့။

- ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် လားရှိုးငွေတိုက်ကိုတိုက်သိမ်းယူခဲ့ခြင်းဖြင့် KIO ၏လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့။

- လက်နက်ကိုင်တပ်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်လွတ်လပ်ရေးကောင်စီ (KIC) တို့ကိုဖွဲ့စည်း။

- ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၌ ပထစအစိုးရ မှထုတ်ပြန်သည့် နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာ အဖြစ်ကြေငြာခဲ့ပြီးချိန် နောက်ပိုင်းမှစပြီး KIO ၏လက်နက်ကိုင်ပိုမိုကြီးထွားလာ။

- ၁၉၆၃ ခုနှစ်တွင် ဒူဝါဇော်ဆိုင်း၊ ဒူဝါဇော်တူးတို့၏ ညီ ဒူဝါဇော်ဒန်ပြန်လည်လွတ်မြောက်ခဲ့ပြီး အဆိုပါသုံးဦးစလုံးမှာ KIO ၏ အရေးပါသော ခေါင်းဆောင်များဖြစ်လာခဲ့။

- ၎င်းနှစ်တွင် တော်လှန်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ နှစ်ကြိမ်တိုင်တက်ရောက်ခဲ့ပြီး သဘောတူညီမှု မရရှိခဲ့။

- ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီက တွေ့ဆုံဆွေးနွေးမှုကို ရပ်စဲကြောင်း ကြေငြာခဲ့။

- ၁၉၆၇ ခုနှစ်တွင် KIA ခေါင်းဆောင် ဒူဝါဇော်ဆိုင်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ အဝေးရောက်ပါတီ ခေါင်းဆောင် သခင်ဗသိန်းတင်တို့ တရုတ်နိုင်ငံတွင် ဆွေးနွေးမှုများပြုလုပ်ခဲ့။

- ၁၉၆၈ ခုနှစ်တွင် KIA နှင့် ဗကပတို့အကြား ပြဿနာအချို့ပေါ်ပေါက်။

- ၁၉၇၂ ခုနှစ်တွင် KIA ၌တပ်မဟာလေးခုအထိရှိလာ။

- ၁၉၇၅ ခုနှစ်တွင် ဒူဝါဇော်ဒန်ကျဆုံး။ KIA ထိပ်တန်းခေါင်းဆောင်များ ဖြစ်သည့် ဒူဝါဇော်ဆိုင်း၊ ဒူဝါဇော်တူးတို့ လုပ်ကြံခံရ။

- ၁၉၇၆ ခုနှစ်တွင် မရန်ဘရန်ဆိုင်းက KIO ၏ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်။

- ၁၉၈၀ ပြည့်နှစ် အောက်တိုဘာလတွင် KIO နှင့် ဗကပပူးတွဲစစ်ဆင်းရေးကိုအကောင်အထည်ဖေါ်။ တော်လှန်ရေးကောင်စီအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်။ သုံးကြိမ်တိုင် ဆွေးနွေးပြီးနောက် သဘောတူညီမှုမရခဲ့ဘဲ ဆွေးနွေးမှုရပ်စဲကြောင်း အစိုးရဘက်မှ ထုတ်ပြန်ကြေငြာ။

- ၁၉၉၃ ခုနှစ်တွင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် KIO အဖွဲ့တို့ ငါးကြိမ်တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့။

- ဘရန်ဆိုင်းကွယ်လွန်ပြီးနောက် ဦးဇော်မိုင် ဥက္ကဋ္ဌဖြစ်လာ၊ ၂၀၀၂ ခုနှစ်တွင် ဦးဇော်မိုင် နှုတ်ထွက်ခဲ့ပြီးနောက် ဦးလမုန်တူးဂျိုင် ဥက္ကဋ္ဌဖြစ်ခဲ့။

- ၂၀၀၆ ခုနှစ်တွင် ဦးလမုန်တူးဂျိုင် ကွယ်လွန်ပြီးနောက်ပိုင်း ဥက္ကဋ္ဌတာဝန်ကို ဦးဇောင်းဟရားက တာဝန်ယူခဲ့။

- ၂၀၀၉ ခုနှစ် ဩဂုတ်လအတွင်း အပစ်အခတ်ငြိမ်းအဖွဲ့များ လက်နက်အပ်ရေးကို KIO မှ ငြင်းဆန်ခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကိုလည်း လက်မခံခဲ့။ ၎င်းလအတွင်း ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာအပါအဝင် ခေါင်းဆောင် ငါးဦးကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီသစ် ဖြင့်ပါဝင်နိုင်ရန် နှုတ်ထွက်ခွင့်ပြုခဲ့။

- ၂၀၁၁ ဇွန်လ ၉ တွင် KIO နှင့် အစိုးရအဖွဲ့များအကြား တိုက်ပွဲများစတင်။

- ၂၀၁၁ သြဂတ်စ်လတွင် လဂျားယန်ကျေးရွာ၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ရွေလီမြို့ ၊
၂၀၁၂ ဇန်န၀ါရီလ ရွေလီမြို့ တို့ တွင် သုံးကြိမ် တိုင်ဆွေးနွေးခဲ့ သော်လည်း တစ်စုံတစ်ရာအရေးပါ သော သဘောတူညီမှုမရရှိခဲ့ ။

No comments:

Post a Comment