Tuesday, February 21, 2012

နာဂတောင်တန်း မောင်ကြည်ဇင် (၁၉၃၁- ၁၉၇၈) ၏ အတ္ထုပ္ပတ္တိ


၁။ အမည်ရင်း=မောင်ကြည်ဇင်
၂။ မိဘအမည်=ဦးစိုးပိုင်+ဒေါ်စောခင်
၃။ မွေးသက္ကရာဇ်=၁၉၃၁ ခုနှစ်
၎။ မွေးဖွားရာဒေသ=ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းရွာ
၅။ ကလောင်အမည်ခွဲများ= မရှိပါ

ကိုယ်ရေးဖြစ်စဉ်
နာဂတောင်တန်း မောင်ကြည်ဇင်ကို နာဂတောင်တန်း၊ ဟုမ္မလင်းမြို့နယ် မောင်းခမ်းရွာ၌ အဖ ရှမ်းလူမျိုး တောင်သူကြီး ဦးစိုးပိုင်၊ အမိ ဒေါ်စောခင် တို့က ၁၉၃၁ ခုနှစ် (သက္ကရာဇ် ၁၂၉၃-ခု ၀ါဆိုလ)တွင်မွေးဖွား
ခဲ့သည်။အမည်ရင်းမှာ ဦးကြည်ဇင်ဖြစ်သည်။
လောကုတ္တရာစာပေနှင့်မြန်မာစာပေ အဆီအနှစ်များကို ဇာတိမောင်းခန်းရွာ ရွှေတစ်ဆယ့်ကိုး ရွာ
ဂိုဏ်းချုပ်ဆရာတော်ဦးဇယန္တထံတွင် သင်ကြားခဲ့သည်။ စာပေအခြေခံပညာကို ဆရာဦးဘိုး ထွေး၊ ဆရာဦးကိုကြီး၊ ဆရာဦးဘဆန်းစသော လက်ဦးဆရာများထံတွင်လည်းကောင်း၊ ဒုတိ ယကမ္ဘာစစ်ကြီး၏ စစ်ဘေးအန္တရာယ်ကို ပြေးလွှားရှောင်တိမ်းရင်း စာပေဗဟုသုတနှင့် လူ့လောက ဗဟုသုတများကို မိခင်ကြီး ဒေါ်စောခင်ထံတွင်လည်းကောင်း၊ သင်ယူခဲ့သည် ဟုဆိုသည်။ ခြောက်နှစ်မျှ သင်္ကန်းဝတ်ဖူးခဲ့ရာ ဦးပဉ္ဖင်းသုံးဝါရခဲ့သည်။ ကျောင်းဆရာ၊ ပြည်သူ့ ဆက်ဆံရေးအရာရှိ၊ ထွန်းနေ့စဉ်သတင်းစာ အယ်ဒီတာစသည်ဖြင့် လုပ်ကိုင်ခဲ့သည်။
၁၉၅၆-၅၇ ခုနှစ်မှစ၍ ကြေးမုံဂျာနယ်၊ ဟံသာဝတီသတင်းစာ၊ ပြည်ထောင်စုသတင်းစာ၊ မဏ္ဍိုင်သတင်းစာတို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ရင်း ၀တ္ထုတိုနှင့် ဆောင်းပါးများစ တင်ရေးသားခဲ့သည်။ ၁၉၅၇-ခုနှစ် မေလထုတ် မြ၀တီမဂ္ဂဇင်းတွင် ပါရှိခဲ့သည့် “နာဂတောင်တန်းမှ ထူးဆန်းသောကြေကွဲမှု” ၀တ္ထုကို နာဂတောင်တန်း မောင်ကြည်ဇင်ကလောင်အမည်ဖြင့်ရေးသားခဲ့သည်။ တောင်ပေါ်မြေနှင့် မြေပြန့်ပန်းသည် ပထမဆုံးသောလုံးချင်းဝတ္ထုဖြစ်သည်။
နာဂတောင်တန်း မောင်ကြည်ဇင်သည် တောင်ပေါ်မြေနှင့် မြေပြန့်ပန်းဝတ္ထု ဖြင့် ၁၉၆၄ ခုနှစ် အနုပညာစာပေဆိုင်ရာ ၀တ္ထုရှည် ပထမဆု၊ အောင်ပွဲခြိမ့်ခြိမ့် ရင်သိမ့်သိမ့်ဖြင့် ၁၉၆၈ ခုနှစ် အမျိုးသားစာပေဆု ၀တ္ထုရှည် တတိယဆုတို့ကို ရရှိခဲ့သည်။
ဆရာသည် ၁၉၇၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

နာဂတောင်တန်းမောင်ကြည်ဇင်ရေးသားပြုစုခဲ့သော စာအုပ်များ
၁။ တောင်ပေါ်မြေနှင့် မြေပြန့်ပန်း -၁၉၆၄
၂။ ပြေစေချင်သည့် သည်ချစ်ကြိုး -၁၉၆၄
၃။ အကယ်ဒမီကိုလွန်းပွေ -၁၉၆၅
၎။ နော် -၁၉၆၆
၅။ မချစ်သော်လည်းမမုန်းပါ -၁၉၆၇
၆။ အောင်ပွဲခြိမ့်ခြိမ့် ရင်သိမ့်သိမ့် -၁၉၆၈
၇။ ဖျောက်ဆိပ်ပင်ကို သက်သေတည် -၁၉၇၀
၈။ မုန်းစေချင်ဘိသည် -၁၉၇၁
နှစ်ဆယ်ရာစု
မြန်မာစာရေးဆရာများနှင့်
စာစုစာရင်း
(စတုတ္ထတွဲ ) နှာ -၁၂၂-မှကူးယူဖေါ်ပြပါသည်။...

No comments:

Post a Comment