Tuesday, February 21, 2012

အတင်းပြောခြင်းသီးခံပါ

သည်ခေတ်ကြီးတွင် အင်တာနက်စနစ်
ကွန်ယက်သစ်ဖြင့် လက်ဖျစ်တတွတ် (က်)
မိုးလွတ်ပြန့်နှံ့ သတင်းဖြန့်နေ
ပြည်ရွာခြေနေ အကြောင်းများ။
မှန်သည်လညှ်းရှိ မှားသည်ရှိ၍
သတိထားဖို့တော့လို၏။
မြို့ထဲရွာထဲ မသဲကွဲဘဲ
တစ်လွဲပြောကြာ အတင်းတုတ်ကြနှင့်
သူကမကောင်း ငြူစောင်းမြောင်းပြီး
ကိုယ်ကောင်းကြောင်းဘဲပြောနေကြ။
မမှန်သတင်း ပြောကြားယင်းဖြင့်
အဖျင်းဗလပွ ရှုတ်ထွေးကြ၍
ငါကဘယ်လို သူဆိုဘယ့်နှယ်
မဖွယ်မရာ ပြဿနာများ
မကြာခဏ ရင်ဆိုင်ရပြီး
အာဃာတကြီးမား ရန်းငြိုးပွား။
သို့တွက်တာကြောင့်
အကာအနှစ် ခွဲခြားစစ်၍
ဖျစ်ညှစ်အတင်း ပြောနေခြင်းထက်
သတင်းစကား တုံ့လှယ်ပွားက
စီးပွားလည်းဖြစ် အပြစ်လည်းကင်း
မိတ်ရင်းမပျက် ကူးလူးယှက်လျှက်
စဉ်ဆက်ဘေးရှင်း သောကကင်းမည်
အတင်းပြောခြင်းသီးခံပါ။
စိုင်းချစ်ဆွေ (ခမ်းမဟာ) .

No comments:

Post a Comment