ဘာလိုလိုနဲ့
ဇရာအို အချိန်ဟောင်းပြီမို့
ခန္ဓာကိုယ် စပရိန်ညောင်းခဲ့ပေါ့
နှစ်ဟောင်းတွေက အလီလီ
ကြွေချိန်တိုင်ပြီလို့ အသိသား။
အားမပျော့ပါဘု
စာကားလျှော့ မနသီယှဉ်လို့
တရားမပေါ့ ဥာဏ်စဉ်တင်ရအောင်
သမ္ပဇဉ်တရားတွေနဲ့ပျော်ခဲ့ပြီ
ကြွားသည်မော်သည်လို့မရှိပြီတကား။
တစ်ရက်သည် အသက်ပါပဲ
သေရက်မှီ အရှက်မကွဲရအောင်
မပျက် ဇွဲ ၀ီရိယ စိုက်ပါလို့
ကရိကထတွေ လိုက်မရှာလေဘူး
အသေထူးအောင်ကွဲ့ ဘာဝနာပွား
မသေဘူးရှောင်ပေမယ့် မရပြီတကား။
စိုင်းချစ်ဆွေ (ခမ်းမဟာ)
.
No comments:
Post a Comment