ချင်းတွင်းဘ၀ အလှများစွာ
ရတနာကို ဖွေရှာစုဆောင်း
သမိုင်းကြောင်းများ အကောင်းအဆိုး
ဖြစ်ရိုးဖြစ်စဉ် တန်ဆာဆင်၍
မုန်းစေချင်စမ်းဘိသည်
ဖြောက်ဆိပ်ပင်ကို သက်သေတည်
ချင်းတွင်းခရီးသည် နှစ်ဦး
အောင်ပွဲခြိမ့်ခြိမ့် ရင်သိမ့်သိမ့်-ဟု
တစိမ့်စိမ့်ခံစား ရသများနှင့်
ဆောင်းပါးများစွာ ရေးဖွဲ့ကာဖြင့်
ဘာသာလူမျိုး သိမြင်တိုးရန်
ဆရာကြိုးစားခဲ့ပါ၏။
ထိုမျှမက
နာဂတောင်ဝယ် မျိုးနွယ်ကူကီး
တစ်သီး ချင်းနှင့် စကားခြင်းမတူ
မည်မတူနာဂ သဘာသကို
ဆရာ့စေတနာ ဖြူစင်စွာဖြင့်
မြန်မာလည်းသိ ကမ္ဘာသိအောင်
တောင်ပေါ်မြေမှ မြေပြန့်ပန်း
နာဂမြေမှ နယ်ချဲ့ကိုတော်လှန်ခြင်း
လုံးချင်းဝတ္ထု ရေးသားပြု၍
လူထုနှင့် မိတ်ဆက်ပေးခဲ့သည်။
ထိုပဂ္ဂိုလ်ကား
မွေးဖွားမောင်းခမ်း ရှမ်းသားရှမ်းမြေး
ရှမ်းသွေးစစ်စစ် ရွှေစင်နှစ်မို့
တစ်ခေတ်ပေါက်ဖွား မည်ထင်ရှား၍
မျိုးသားစာပေ စာပေဗိမ္မာန်
ထိုက်တန်ဆုရှင် ဆရာကြည်ဇင်တည့်။
သြော်....ဆရာကြည်ဇင် ကလောင်ရှင်က
စင်တင်ဖေါ်ပြ ရှမ်းနာဂနှင့်
ချင်းဘ၀ထွေထွေ သိရပေ၍
တစ်မြေထဲနေ တစ်ရေထဲသောက်
သဘောပေါက်ပြီး သူရောက်ကိုယ်ရောက်
ခရီးပေါက်ကာ စ နောက်ပျော်ရွှင်
နေသည်ပင်လျှင် ဆရာကြည်ဇင်၏ကျေးဇူးပင်
ကမ္ဘာမည်တွင်သ၍ မမေ့စေချင်။
စာရေးဆရာကြီးနာဂတောင်တန်းမောင်ကြည်ဇင်အားသတိရလွမ်းဆွတ်လျှက်..
စိုင်းချစ်ဆွေ (ခမ်းမဟာ).
No comments:
Post a Comment