Wednesday, February 22, 2012

ဘယ်သူတွေဖြေရှင်းပေးကြမလဲ



ဟုမ္မလင်းမြို့နယ် ရွာတစ်ရွာရဲ့လယ်ယာလုပ်ငန်းခွင်အနေအထားပါရွှေမျှောလုပ်ငန်းလုပ်ကိုင်ကြသူလူတစ်စုရဲ့
မျှောမှီးကြရာ ခွင်တစ်ခွင်ကြောင့်ပျက်စီးသွားတဲ့လယ်ယာမြေတွေပါအဖြစ်အပျက်
လေးက ရင်နှင့်စရာ ဒေါသထွက်စရာပါသူတို့လေးတွေရဲဘ၀ ဘယ်သူကိုအကူအညီတောင်းပြီးဘယ်သူတွေ
ကလာရောက်ဖြေရှင်းပေးမယ်ဆိုတာမသိရတော့ ကိုယ့်ရဲ့လယ်ယာတွေ ပျက်စီး အချည်းနှီးဖြစ်ရ ကုမ္ပဏီတွေ
ကလဲလျှော်ကျေးမပေးတိုင်းတန်းပြန်တော့လဲ ငွေရှိသူတွေက ငွေနဲ့ဖိ ရွှေရှိသူတွေက ရွှေနဲ့ဖိ ရာထူးရှိသူတွေ
က ရာထူးနဲ့ဖိ ကဲ့တောင်သူလယ်သမားအရေး ဘယ်လိုဖြေရှင်းပေကြမလဲစဉ်းစားစရာဖြစ်နေတယ်
တောသူတောင်သားတွေရဲ့အဖြစ်သနစ်ဟာ တကယ်သနားစရာပါနိုင်ငံတော်ကထုတ်ပေးထားတဲ့
စာရွက်စာတမ်းလဲတကယ်အရေးဖြစ်လာပြန်တော့အသုံးမ၀င်ဘူးဖြစ်နေပြန်ရောဗျာ ရွှေထုတ်လုပ်သူ
လုပ်ငန်းရှင်တွေက ဘယ်သူသေသေငတေမာပြီးရောလုပ်ကိုင်ဆောင်ရွက်နေကြတယ်
ကွင်းဆင်းစစ်ဆေးပြီးဖြေရှင်းပေးနိုင်သူတွေက ဖြေရှင်းပေးကြဖို့တောင်းဆိုပါတယ်ဗျာ.

No comments:

Post a Comment